Shizuoka မှကြိုဆိုပါသည်

အလုပ်လုပ်မည်

သင်ယူမည်

ဒီမှာ

အပန်းဖြေမည်

从海外来到静冈。学习、生活。

နေထိုင်မည်

Shizuoka
ဆိုတာဘယ်လိုနေရာမျိုးလဲ?

Shizuoka ခရိုင်သည် ဂျပန်နိုင်ငံ၏ အလယ်ပိုင်းတွင် တည်ရှိပါသည်။ အဆိုပါ တည်နေရာကြောင့် တိုကျိုနှင့် အိုဆာကာသို့ သွားလာရ လွယ်ကူပြီး လမ်းပန်းဆက်သွယ်ရေးလည်းလွယ်ကူပါသည်။
ကမ္ဘာကျော် ဖူဂျီတောင်သည် Shizuokaခရိုင်၏သင်္ကေတဖြစ်သည်။ မိမိနှစ်သက်ရာ ဖူဂျီတောင် နေရာကိုရှာဖွေခြင်းဟာလဲ ပျော်စရာကောင်းပါတယ် ။ ထို့အပြင် လက်ဖက်ရည်လည်း နာမည်ကြီးပါတယ်။ အရောင်၊ အနံ့နှင့် အရသာကို အားလုံးပေါင်းစည်းထားသော လက်ဖက်ရည်ကို
သောက်ပြီးတဲ့အခါသင်တော်တော်လေး သဘောကျသွားမှာ အမှန်ပါပဲ။

  1. အချက် ၁

    ကမ္ဘာ့အမွေအနှစ် ဖူဂျီတောင်ကို ကြီးမားစွာ
    မြင်နိုင်ခြင်း

    ၂၀၁၃ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်ခဲ့သော ဂျပန်နိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်သည့် ဖူဂျီတောင်သည်
    Shizuokaခရိုင်နှင့် Yamanashiခရိုင်တို့ကြားနေရာတွင်တည်ရှိသည်။
    ပင်လယ်နှင့် ဖူဂျီတောင်ကို ကြီးမားစွာ မြင်တွေ့နိုင်သည်မှာ Shizuoka ခရိုင်ဘက်ခြမ်းမှသာ ဖြစ်သည်။ ရာသီဥတုအလိုက် ပြောင်းလဲသည့် ဖူဂျီတောင်၏ အလှအပကို ခံစားကြပါစို့။

  2. အချက် ၂

    ကုမ္ပဏီအများအပြား
    စုဝေးနေပြီး၊
    မိမိနှင့်သင့်လျော်သည့် အလုပ်ကို ရွေးချယ်နိုင်ခြင်း

    「စက်မှုကုန်စည်စျေးတန်း」ဟု ခေါ်ဆိုရလောက်အောင် ကုမ္ပဏီအမျိုးမျိုး Shizuokaတွင် စုဝေးနေပါသည်။
    ဘွဲ့ရပြီးလည်း Shizuoka တွင် ဆက်လက်နေထိုင်ပြီး မိမိ၏အရည်အချင်းကို အသုံးချနိုင်သည့် အလုပ်ကို ရှာဖွေနိုင်ပါသည်။

    နိုင်ငံအတွင်း နှစ်ဘီး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တင်ပို့မှု အဆင့် ၁ / နိုင်ငံအတွင်း စန္ဒယား ပို့ကုန်ပမာဏနှင့် ပို့ကုန်အရေအတွက် အဆင့် ၁
  3. အချက် ၃

    မြို့လယ်သို့
    ချက်ခြင်းသွားရောက်
    လည်ပတ်နိုင်ခြင်း

    Shizuoka ခရိုင်သည်ဂျပန်၏အလယ်ဗဟိုတွင်တည်ရှိပြီး ကျည်ဆန်ရထားနှင့်Tomei အမြန်လမ်းမကြီး တို့ဖြင့် သွားလာရန်
    အလွန်အဆင်ပြေသောနေရာဖြစ်သည်။
    ထို့ကြောင့် မြို့လယ်သို့ အလည်အပတ်သွားခြင်း သို့မဟုတ် အခြားဒေသများသို့ ခရီးသွားရန် အလွယ်တကူသွားနိုင်သောနေရာတစ်ခုဖြစ်ပါသည်။

    တိုကျိုသို့ ရထားဖြင့် ၁နာရီ !
Shizuoka ကို ရွေးချယ်ရန်
အကြောင်းအရင်းများကို ပိုမိုကြည့်ရှုရန်

မြန်မာလူမျိုးများအတွက် ရင်းနှီးမှုရှိပြီး
အဆင်ပြေပြေလုံခြုံစွာနေထိုင်နိုင်သောမြို့၊ Shizuoka ခရိုင်

Shizuoka ခရိုင်သည် မြန်မာလူမျိုးများအတွက်စိတ်ချမ်းသာစွာနေထိုင်ဖို့ ဆွဲဆောင်မှု အများအပြားနှင့် ပြည့်နှက်နေသည့် နေရာဖြစ်ပါတယ်။ မြန်မာလူမျိုးအတော်များများက Shizuoka ခရိုင်တွင်နေထိုင်လျက်ရှိပြီး ၊ မြန်မာအသိုင်းအဝိုင်းများ ရှိသောကြောင့် ပွဲများလည်း ကျင်းပလေ့ရှိသဖြင့် ဂျပန်ကို ပထမဦးဆုံးလာမည့်သူများ အတွက်လည်း စိတ်ချလက်ချဖြင့်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်ဖြစ်ပါတယ်။

မြန်မာအစားအသောက် ကုန်ပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်သော ဆိုင်လည်းရှိပြီး ၊ တစ်ခါတစ်ရံ ဒံပေါက်ချက်ပြီး ရောင်းပေးသည့်ဆိုင်လည်း ရှိပါသည်။

မြန်မာလူမျိုးများ၏ ပါးစပ်နှင့်ကိုက်ညီသော ထိုင်းစားသောက်ဆိုင်များလည်း ရှိပါသည်။

ထို့အပြင် Shizuoka ခရိုင်ရှိ လမ်းများသည် ကျယ်ပြန့်သောကြောင့် မြန်မာတွင် နေ့စဉ်အသုံးပြုနေကြ မော်တော်ဆိုင်ကယ်များကို လွယ်ကူစွာစီးနင်းနိုင်သောကြောင့် သွားလာရ အဆင်ပြေပါသည်။

ဂျပန်နိုင်ငံ၏ နာမည်ကျော် မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် Suzuki နှင့် Yamaha စက်ရုံများလည်း Shizuoka ခရိုင်တွင်တည်ရှိပါသည်။

မြန်မာလူမျိုးများအတွက် အင်မတန်ရင်းနှီးသည့် ဖူဂျီတောင်ဟာလည်း Shizuoka ခရိုင်တွင် တည်ရှိပါသည်။

မြန်မာနိုင်ငံတွင် ရောင်းချနေသော ဖူဂျီတံဆိပ် ဆပ်ပြာမှုန့်ဘူးတွင် ဖူဂျီတောင် ပုံစံရေးဆွဲထားရလောက်အောင် ဂျပန်နှင့် မြန်မာတို့၏ ဆက်ဆံရေးသည်လည်း အင်မတန်နက်ရှိုင်းပါသည်။

ဤကဲ့သို့ဖော်ရွေသောပတ်ဝန်းကျင်သည် Shizuoka ခရိုင်တွင် ရှိသောကြောင့် စိတ်ချလက်ချဖြင့်ပျော်ရွှင်စွာ နိုင်ငံခြားသားကျောင်းသားဘဝကို ဖြတ်သန်းနိုင်ပါသည်။

Shizuoka
ခရိုင်၏တက္ကသိုလ်များ

နိုင်ငံခြားသားကျောင်းသားများကို လက်ခံသော မိတ်ဖက်တက္ကသိုလ်များစွာရှိပါသည်။
သင်ယူလိုသည့် နယ်ပယ်နှင့် ကိုက်ညီသည့် ဌာနကို ရွေးချယ်နိုင်ပါသည်။

Shizuoka ခရိုင်ရှိ
ကျောင်းများကိုကြည့်ရန်

တစ်နှစ်တာ အစီအစဉ်

တက္ကသိုလ်ပေါ်မူတည်၍ ကွာခြားနိုင်သော်လည်း၊ ဂျပန်တက္ကသိုလ်ကျောင်းသားများသည် ၁နှစ်တာကို ဤသို့ဖြတ်သန်းကြပါသည်။

Shizuoka ၏စက်မှုလုပ်ငန်း

Shizuokaခရိုင်သည် တိုကျို၊ နာဂိုယာလိုမြို့ကြီးများနှင့် နီးသောအပြင် အရှေ့မှ အနောက်သို့ ဖြတ်ကျော်နေသည့် တိုကိုင်ဒိုးအမြန်လမ်းမကြီး တည်ရှိသောနေရာကြောင့်အထူးတလည် သင့်လျော်သောနေရာတစ်ခုဖြစ်ပါသည်။ ဒီအကြောင်းကြောင့် အမျိုးမျိုးသော စက်မှုလုပ်ငန်းများ စုဝေးရာနေရာဖြစ်ကာ “ဂျပန်နိုင်ငံ၏ကျဉ်းချုပ်ပုံ” သို့မဟုတ် “စက်မှုဈေးတန်း” ဟု ခေါ်ဝေါ်လေ့ရှိသည်။ Shizuokaခရိုင်၏ GDP သည် "နိုင်ငံအတွင်း အဆင့် ၁၀" ဖြစ်ပြီး၊ အထူးသဖြင့် စက်မှုလုပ်ငန်း အလွန်ဖွံ့ဖြိုးပြီး၊ ထုတ်လုပ်မှု ပို့ကုန်ပမာဏသည် နိုင်ငံအတွင်း"အဆင့် ၄" ဖြစ်ပါသည်။

Shizuoka ၏
စက်မှုလုပ်ငန်းများကိုကြည့်ရန်

ပြည်ပသို့ တိုးချဲ့နေသော
Shizuoka မှ ကုမ္ပဏီများ

Shizuoka ခရိုင်တွင် အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ တိုးချဲ့လုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီများ အများအပြားရှိသည်။ အာရှတွင်သာလျှင် Shizuoka ကုမ္ပဏီများ ၆၉၃ ခု ရှိပြီး၊ပြည်ပနှင့် အချိတ်အဆက်အများအပြား ရှိသောနေရာတစ်ခုဖြစ်ပါသည်။ အဲဒီအထဲမှာ အင်ဒိုနီးရှားဟာ တတိယမြောက်ဖြစ်ပြီး ကုမ္ပဏီ ၉၁ ခု တိုးချဲ့ထားပါသည်။

※ရင်းမြစ်: နိုင်ငံတဝှမ်း ကုမ္ပဏီစာရင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်အထိ

Shizuoka တွင်
ပညာသင်ကြားနေသည့်
နိုင်ငံခြားသားကျောင်း
သား၏ အင်တာဗျူး

Shizuokaတွင်
လက်တွေ့ပညာသင်ကြားနေသည့် နိုင်ငံခြားသားကျောင်းသားနှင့် အင်တာဗျူး !
Shizuoka ၏ ဆွဲဆောင်မှုများနှင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်း၏ အတွေးအမြင်များကို ဖော်ပြထားပါသည်။

STUDY IN SHIZUOKA

Study in Shizuoka ဝဘ်ဆိုဒ်တွင်
နိုင်ငံခြားသားကျောင်းသားများအတွက် ဂျပန်နိုင်ငံ
Shizuokaခရိုင်အကြောင်း
သတင်းအချက်အလက်များကို
မျှဝေပေးနေပါသည်။
ပညာသင်ကြားခြင်းမတိုင်မီ၊
ပညာသင်ကြားနေစဉ်နှင့်
ပညာသင်ကြားပြီးနောက်အထိ
သတင်းအချက်အလက်များကို Study in Shizuoka စာမျက်နှာတွင် ရှာဖွေကြည့်ရှုကြပါရန် !

Study in Shizuoka